Lucky 2020 - Terms & Conditions
♦ Win Mobile World - Lucky 2020 ၏ “လစဥ်ကံစမ်း ငွေကျပ်ရှစ်သန်း” ကံစမ်းမဲ အစီအစဥ်သည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၁) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး တစ်လလျှင် (၁) ကြိမ် ကံစမ်းရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။
♦ အစီအစဉ် ကျင်းပသည့် ကာလအတွင်း ဝယ်ယူသူများသည် ဝယ်ယူသည့်လ၏ နောက်ဆုံးရက် ည (၁၁း၅၉) အထိ ကံစမ်းမဲဖောင်ကို ဖြည့်ခွင့်ရှိပြီး ထိုလ နောက်ဆုံးရက် ည (၁၁း၅၉) နာရီ ကျော်သွားပါက ပါဝင်ခွင့်ရရှိမည် မဟုတ်ပါ။ (ဥပမာ - ဖေဖော်ဝါရီလတွင်း ဝယ်ယူပါက ဖေဖော်ဝါရီလ (၂၉) ရက်နေ့ ည (၁၁း၅၉) နောက်ဆုံးထား၍ ဖောင် ဖြည့်ပေးရမည် ဖြစ်ပါသည်။
♦ Lucky Draw ဆုမဲမှာ လစဥ် ငွေကျပ် (၈) သန်းဖြစ်ပြီး၊ ဆုမဲတစ်ဆုလျှင် (၁၀) သိန်းကျပ်ဖြင့် ကံထူးသူ (၈) ဦးကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ထို့အပြင် Win Mobile World ၏ အခြားသော ဆုမဲများ ဖြစ်သော Mi Smart Full View TV 43" (၃) ဆု၊ JBL Charge 4 Portable Bluetooth Speakers (၅) ဆု၊ OSMO Mobile 3 - Smartphone Gimbal (၅) ဆု၊ BeatsX Earphone (၅) ဆုနှင့် နှစ်သိမ့်ဆု (၁၀၀) ဆုအနေနဲ့ Huawei Premium Wireless Charger အခု (၁၀၀) တို့ ပါဝင်မည်ဖြစ်ပါသည်။
♦ Lucky Draw အတွက် ကံထူးရှင်များကို မဲနှိုက်ရွေးချယ်ရာတွင် Win Mobile World Co., Ltd. ၏ တရားဝင် Facebook Page မှ လစဥ် တိုက်ရိုက် Live ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
♦ အားပေးသူမိတ်ဆွေလူကြီးမင်းများအနေဖြင့် ဤ အစီအစဥ်အား ပါဝင်ကံစမ်းရာတွင် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်ပြီး၊ ဝယ်ယူထားသော ဘောက်ချာများကိုလည်း သေချာစွာသိမ်းဆည်းထားရန်လိုအပ်ပါသည်။
♦ လစဥ် ကံစမ်းမဲနှိုက်ရာတွင် ကံထူးရှင်ဖြစ်ပါက မှတ်ပုံတင် (NRC/ Passport) နှင့် ဘောက်ချာ (မူရင်း) လက်ရောက် တင်ပြနိုင်မှသာ ဆုမဲများကို ပေးအပ်မည်ဖြစ်ပါသည်။
♦ ကံထူးရှင်များသည် Win Mobile World Co., Ltd. သို့ တိုက်ရိုက်ဆက်သွယ်ပြီး ဆုမဲများကို ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ကိုယ်စားထုတ်ယူလိုသူများသည် ကိုယ်စားလှယ်လွှဲစာ (သို့) မူလပိုင်ရှင်၏ မှတ်ပုံတင် (NRC/ Passport) မိတ္တူ (Copy) နှင့် ဝယ်ယူထားသော ဘောက်ချာ (မူရင်း) လက်ရောက် တင်ပြနိုင်မှသာ ကိုယ်စားထုတ်ပေးမည် ဖြစ်ပါသည်။
♦ မည်သည့်အကြောင်းရင်းနှင့်မျှ ဘောက်ချာ (မူရင်း) ပျက်စီး၊ ပျောက်ဆုံး၊ စုတ်ပြဲ၊ ပြင်ဆင်ထားခြင်း ဖြစ်ပါက ဆုမဲအားလက်ခံရရှိနိုင်မည်မဟုတ်ပါ။
♦ ကံထူးရှင်လူကြီးမင်းများကို ဆုမဲလာရောက်ထုတ်ယူရာတွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး Win Mobile World ၏ တရားဝင် Social Media များနှင့် Marketing (Promotion) ဆိုင်ရာ အသုံးပြုမှုများတွင် မှတ်တမ်းအဖြစ် ဖော်ပြမည်ကို သဘောတူညီရမည် ဖြစ်ပါသည်။
♦ ဆုမဲများနှင့် အရေအတွက်များအား Win Mobile World Co., Ltd ဘက်မှ ကြိုတင်အကြောင်းကြားထားခြင်း မရှိပဲ အခါအားလျှော်စွာ ပြောင်းလဲပိုင်ခွင့်ရှိပါသည်။
♦ ကံစမ်းမဲအစီအစဥ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက Win Mobile World Co., Ltd. ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
♦ ပါဝင်ကံစမ်းကြသော မိတ်ဆွေလူကြီးမင်းများသည် ယခု ကံစမ်းမဲ စည်းမျဥ်းစည်းကမ်းများကို လက်ခံသဘောတူသည်ဟု ယူဆပါသည်။
♦ Lucky Draw အစီအစဥ်တွင် Win Mobile World Co., Ltd. မှဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် Lucky Draw Promotion အတွက်အသုံးပြုထားသော Developer Company မှ ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်မရှိပါ။
Lucky 2020 ပါဝင်ကံစမ်းရန် လုပ်ဆောင်ရမည့်အချက်များ
Win Mobile World ၏ Lucky 2020 အစီအစဥ်တွင် ပါဝင်ကံစမ်းနိုင်ရန်အတွက် အောက်ပါအချက်များအတိုင်း ဆောင်ရွက်ရပါမည်။
♦ Win Mobile World တွင် ငွေကျပ် (၁) သိန်းနှင့်အထက် စျေးဝယ်ပါ။
♦ Win Mobile World ဆိုင်ခွဲတိုင်းတွင်ထားရှိပေးထားသော QR Code များကို (ဝယ်ယူသည့်ဆိုင်ခွဲအလိုက်) Scan ဖတ်ပါ။
♦ Scan ဖတ်ပြီးပါက Facebook Messenger သို့ အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်ပါသည်။
♦ Messenger ထဲတွင် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ခွင့် ရရှိမည်ဖြစ်ပါသည်။
♦ ဝယ်ယူထားသော ဘောင်ချာ (၁) စောင်အတွက် (၁) ကြိမ်သာ အချက်အလက် ဖြည့်စွက်ခွင့်ရရှိမည်ဖြစ်ပါသည်။
♦ ဘောက်ချာနံပါတ် တူ (၁) ကြိမ်ထက်ပိုသော အချက်အလက် ဖြည့်စွက်ခြင်းများ ပြုလုပ်၍ရနိုင်မည်မဟုတ်ပါ။
♦ Win Mobile World မှ တာဝန်ရှိသူများမှ စီစစ်ပြီးပါက ကံစမ်းခွင့် အခွင့်အရေး အကြိမ်အရေအတွက်နှင့် မှန်ကန်သော (Valid Voucher) ဖြစ်ကြောင်း အကြောင်းပြန်ကြားမှုများကို နေ့စဥ် ရုံးချိန်အတွင်း အကြောင်းပြန်ကြားသွားမည်ဖြစ်သည်။
♦ လစဥ် လဆန်းရက်များတွင် Win Mobile World ၏ Facebook Page တွင် တိုက်ရိုက် (Live) ထုတ်လွှင့်၍ ကံထူးရှင် ရွေးချယ်ပေးသွားမည်ဖြစ်သည်။
Our Shop Address
လစဥ် ကံထူးရှင်များ
သဘောတူညီချက်
ကံထူးရှင်လူကြီးမင်းများကို ဆုမဲလာရောက်ထုတ်ယူရာတွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး Win Mobile World ၏ တရားဝင် Social Media များနှင့် Marketing (Promotion) ဆိုင်ရာ အသုံးပြုမှုများတွင် မှတ်တမ်းအဖြစ် ဖော်ပြမည်ကို သဘောတူညီရမည် ဖြစ်ပါသည်။
Loved Quotes from our Customers
Mei Mei
Smart Builder Construction Co.,Ltd.I found the best service in hardware, software & customer care. Staffs were well trained. I was completely satisfied their service.
Shyne Lynn Maung
Sunjin MyanmariPad Pro 10.5" ကိုလွန်ခဲ့တဲ့ ရှစ်လလောက်ကဝယ်ခဲ့ပြီး မှန်မှာအလင်းပေါက်သလိုဖြစ်လာတဲ့ အတွက် Warranty ပြန်ပြတဲ့အခါမှာ အစစအရာရာ အဆင်ပြေအောင်လုပ်ပေးရှာပါတယ်။ အသစ်တစ်လုံးပြန်လဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နာမည်ကျော်ထိုက်ပါတယ်။ In Win Customer Service, We trust.
Ma Khin Sandar
Myanmar Culture HeritageWin Mobile မှာ ၂၀၁၇ ထဲက ၀ယ်ထားတဲ့ OnePlus 5 လေးကို တခုခု ဖြစ်တိုင်း ဆိုင်ကိုပဲသွားပြတာ အလကားကြည့်ပေးတယ်။ Android Version Update မလုပ်ပဲထားမိတာ ဆိုင်က အကုန်လုပ်ပေးပြီး Unicode အတွက်ပါ Manic Keyboard နဲ့ အခြားကောင်းတာတွေ ရှင်းပြပေးတယ်။ Software Service က အရမ်းမိုက်စ် MacBook လဲ လေးနေတာ အကုန်ရှင်းပြီး၊ SSD လဲလို့ရတဲ့ထိ ကူညီပေးတယ် 🤩Highly recommended!!!!
Su Eaindar Moe Myint
စုအိန္ဒာမိုးမြင့်App လုပ်လာနိုင်တာ ချီးကျူးပါတယ်။ Online Card Payment နဲ့ရအောင် လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ Online Payment Process လုပ်တာ Customer Service Team တခုလည်းလိုတာမို့ အချိန်ယူပြီးသေချာလေး လုပ်သွားနိုင်ရင် နိုင်ငံတကာကို တကယ်မီသွားပြီ။ ပစ္စည်းမှန်၊ ဈေးမှန်တဲ့ ဂုဏ်ကို ဆက်ထိန်းထားနိုင်တာရော၊ Customer Service ကောင်းတာရောအပေါ်မှာ တကယ်ချီးကျူးပါတယ်။
Min Phonemyat Thu
DIR ACE TechnologyRecommend for Apple Warranty. An iPhone I bought from Win Mobile has been faced LCD error within the warranty period and sent back for warranty claim. They also gave me an iPhone 6S for temporary use. After 20 days, they replaced a new phone even they said that the warranty claim may need to wait 3 to 6 weeks.
Win Mobile World - Mobile Application
(Version 3.0)
Smart ကျကျစျေးဝယ်နိုင်ဖို့ အကောင်းဆုံး Mobile Phone Shop Application